ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် CPI စနစ်ကိုအသုံးပြု၍ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ကျီစု(အရှေ့)ကျေးရွာတွင် ယနေ့နံနက်(၉)နာရီက ဆက်လက်စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် မြေပြင်အိမ်ထောင်စုနှင့်လူဦးရေစာရင်း မှန်ကန်စွာရရှိနိုင်ရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရာတွင် ဒဂုံမြို့သစ်ခရိုင် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် အဖွဲ့(၃)ဖွဲ့ခွဲကာ Mobile Tablet များအသုံးပြု၍ CAPI နည်းဖြင့် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိဦးအေးကျော်တို့က စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါလုပ်ငန်းကို (၁.၁၀.၂၀၂၃)ရက်နေ့မှ (၁၅.၁၀.၂၀၂၃)ရက်နေ့ထိ စုစုပေါင်းကောက်ကွက်(၁၀)ကွက်ဖြင့် (၁၅)ရက်ကြာ ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဥ္ဇူ