ပေါက်တော အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင် စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် တောင်ပုတ်ကေ ကျေးရွာရှိ အသင်းသားအသင်းသူများအား (နဝမ) အကြိမ်ပြန်လည် ထုတ်ချေးပေးကြသည်။
ရှေးဦးစွာ ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်ရောင်ကျေးရွာစီမံကိန်း ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ခြင်း အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များကို မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းက ရှင်းလင်းပြောကြားပြီး တောင်ပုတ်ကေ ကျေးရွာ ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း(နဝမ) အကြိမ်ရန်ပုံငွေ ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၃ ဦးအား ၆၉၀၀၀၀၀ ကျပ်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ၂၀ ဦး အား ၉၀၀၀၀၀၀ ကျပ်၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၂၇ ဦးအား ၁၃၂၀၀၀၀၀ ကျပ် နှင့် အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၄၆ ဦးအား ၁၂၉၀၀၀၀၀ ကျပ် စုစုပေါင်း အသင်းသား၊ အသင်းသူ၁၃၆ ဦးအတွက် ရန်ပုံငွေ ၄၂၀၀၀၀၀၀ ကျပ်ကို ကျေးရွာမြစိမ်းရောင်ကော်မတီသို့ နေ့ချင်းထုတ်ပေးသည့် စနစ်ဖြင့် ဆောင်ရွက်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)