ထန်းတပင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေ

ထန်းတပင်(ရန်ကုန်) အောက်တိုဘာလ

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့် လက်တွဲကာပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို အောက်တိုဘာလ (၂)ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖွင့်လှစ်သင်ကြားပေးရာတွင်လည်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင် ဦးဆောင်၍ သင်တန်းနည်းပြဆရာ (၅)ဦးတို့မှ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးတို့ကို အခြေခံမီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်းလည်း သိရသည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို အောက်တိုဘာလ(၂)ရက်နေ့မှ အောက်တိုဘာလ (၂၇)ရက်နေ့အထိ ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သလို သင်တန်းဖွင့်ပွဲသို့လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း တူညီဝတ်စုံများ ပေးအပ်ခဲ့ကြကြောင်းလည်း သိရသည်။   

ဇင်မင်းထိုက် (ထန်းတပင်)