လှိုင် အောက်တိုဘာ ၂၀
ရန်ကုန်အနောက်ပိုင်း ခရိုင်၊လှိုင် မြို့နယ်တွင်ဖွင့်လှစ်ထားရှိသည့် Community Based Facility Quarantine Center ငါးခုဖြစ်သည့် အ−မ−က (၂၆)၊ အ−လ−က (၅) မေခဆောင်၊ ဒူးယား ဆောင်၊ ဇွဲကပင်ဆောင်တို့တွင် အသွားအလာကန့်သတ်ထားရှိသူများ၊ ကျန်းမာရေး ဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်း များအတွက် ယမန်နေ့နံနက်ပိုင်းက လှိုင်မြို့နယ်တိုင်းဒေသကြီး(၂ ) လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်မာဌေးက မွေးနေ့အလှူအဖြစ် နံနက်စာ၊ နေ့လယ်စာ၊ ညနေစာတို့အား အာဟာရဒါနအဖြစ် ထမင်းဘူးများလာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
ထို့ပြင် လှိုင်မြို့နယ်အတွင်း Lock Down ချထားသောမိသားစုများအတွက်လည်း လိုအပ်သော စားသောက်ကုန်များ သွားရောက်လှုဒါန်းခဲ့သည်။ ရန်ကုန်အနောက်ပိုင်းခရိုင်၊လှိုင်မြို့နယ်တွင် Community Based Facility Quarantine Center များကိုကျောင်း(၂)ကျောင်းနှင့် ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေရှိအဆောင်(၃)ခုတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များကနေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံးပစ္စည်း များ၊ရေသန့်ဘူးများ စားသောက်စရာများကို နေ့စဉ် လာရောက် လှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)