ညောင်ဦး အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရန်ကုန်မြို့ မဟာသဒ္ဓမ္မဇောတိကဓဇ သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီနှင့် ခုနစ်ရက်သားသမီးအပေါင်းမှ အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီအချိန်က သဗ္ဗညုဘုရားကြီးတွင် ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သက်ကြီးဘိုးဘွားတို့အား သက်ကြီးပူဇော်ပွဲပြုလုပ်ခဲ့သည်။
ထိုသို့ ကုသိုလ်ပြု လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၂ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်ပြီး ရန်ကုန်မြို့ မဟာသဒ္ဓမ္မဇောတိကဓဇ သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီ အမှူးပြုသော ခုနစ်ရက်သားသမီးအပေါင်းမှ သဗ္ဗညုဘုရားကြီးနှင့်လောကထွဋ်ခေါင်ဘုရားတို့ကို ပင့်သံဃာအရှင်သူမြတ် (၉)ပါးတို့မှ ဗုဒ္ဓဘိသေက ဘုရားအနေကဇာ တင်လှူပူဇော်ကြတော်မူသည်။ ဆက်လက်၍ ဆရာတော် အရှင်သူမြတ်များထံမှ (၈)ပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်တို့ဟောကြားသည့် အနုမောဒနာတရား နာယူကြပြီး ပင့်သံဃာအရှင်သူမြတ်တို့အား သင်္ကန်း၊ ယပ်၊ ထီး၊ ဖိနပ် စသည့် အခြံအရံလှူဖွယ်ပစ္စည်းများ စုပေါင်းလှူဒါန်းကြကာ ရေစက်သွန်ချအမျှအတန်းပေးဝေကြသည်။
ရန်ကုန်မြို့ မဟာသဒ္ဓမ္မဇောတိကဓဇ သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီနှင့် ခုနစ်ရက်သားအပေါင်းတို့မှ သဗ္ဗညုဘုရားကြီးတွင် ပင့်သံဃာအရှင်သူမြတ်(၉)ပါးတို့အား သင်္ကန်း၊ ယပ်၊ ထီး၊ ဖိနပ်၊ ဝတ္ထုငွေများ စသည့်အခြံအရံလှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ကြပြီး အဘိုးအဘွား(၇၂)ဦးတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ထီး၊ ဖိနပ်၊ အင်္ကျီ၊ ငွေ သားများအား စုပေါင်းလှူဒါန်းခြင်း၊ ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာရှိ လောကထွဋ်ခေါင်ဘုရားတွင် ပင့်သံဃာ (၉)ပါးတို့အား သင်္ကန်း၊ ယပ်၊ ထီး၊ ဖိနပ်၊ ဝတ္ထုငွေများ စသည့်အခြံအရံလှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ကြပြီး အဘိုးအဘွား(၁၀၈)ဦးတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ထီး၊ ဖိနပ်၊ အင်္ကျီ၊ ငွေ သားများအားလှူဒါန်းပေးခဲ့ကြကြောင်းသိရပြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ဇနီးတို့ဦးဆောင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက လုပ်အားဒါန ကုသိုလ်ပြုခဲ့ကြကြောင်းသိရသည်။
ဒီပါလင်း