ဆီဆိုင် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်နိုင်က အမှာစကား ပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇင်မာဖြိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတို့က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးသင်တန်း ပေးခြင်းလုပ်ငန်း၊ မဲရုံသုံးပစ္စည်းများ ဖြန့်ဝေခြင်း လုပ်ငန်းများ၊ ဘဏ္ဍာငွေခွဲ ဝေသုံးစွဲ ရေး ကိစ္စရပ်များ၊ ကြိုတင်မဲပေးခြင်း လုပ်ငန်းများ စသည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)