မှော်ဘီ အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် CAPI စနစ်ကို အသုံးပြု၍ ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် (၈)နာရီက စတင်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာသို့ မှော်ဘီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မှော်ဘီမြို့နယ် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေး၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းကောက်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များမှ တွေ့ရှိရာအရပ်တွင် ကောက်ယူသည့်မူ (De facto Method) နှင့် တစ်အိမ်တက်ဆင်းကောက်ယူသည့်နည်းလမ်း (Convasser Method) တို့ဖြင့် Mobile Tablet များ အသုံးပြု၍ CAPI စနစ်ဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၁၅) ရက်ကြာ ကောက်ယူသွားမည် ဖြစ်သည်။
ဝင်းဇော်(မှော်ဘီ)