ပျဉ်းမနား အောက်တိုဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယနေ့နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
အဆိုပါရောင်းချမှုတွင် ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယောက်သွားအင်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်း၊ အိမ်ထောင်စုတစ်လျင် လေးပြည်နှုန်းဖြင့် အိမ်ထောင်စု ၄၈၀ စုအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)