သံဖြူဇရပ် အောက်တိုဘာ ၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ် ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ရေလယ်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအဖွဲ့နှင့် ဝတ်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ပြုလုပ် အစီအမံများဖြစ်သည့် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာတွင် လုံခြုံရေးဆိုင်ရာလုပ်ငန်းများ စီမံထားရှိမှု၊ ဘုရားဖူးလာပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု၊ ရပ်ဝေးဘုရားဖူးများအတွက် တည်းခိုနေထိုင်ရေး၊ ဘုရားပွဲတော် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို သက်ဆိုင်ရာကော်မတီအလိုက် ပူးပေါင်းဆောင်ရွက်ကြစေရေး အဖွင့်အမှာစကား ပြောကြားသည်။
ကျိုက္ခမီရေလယ်ဘုရား ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းက ယခုနှစ်တွင်လည်း ဗုဒ္ဓပူဇနိယပွဲတော်အား၊ ပဌာန်းဒေသနာရွတ်ဖတ်ပူဇော်ပွဲနှင့် သီတင်းကျွတ်လပြည့်နေ့၌ ဓမ္မစကြာအခါတော်နေ့ ကျင်းပခြင်း၊ ဆွမ်းအိုးမျောပွဲကျင်းပခြင်းတို့ကိုစီစဥ်ဆောင်ရွက် သွားမည်ဖြစ်ရာ၊ ပျော်ပွဲရွှင်ပွဲရွင်ပွဲများဖြစ်သည့် ဇတ်သဘင်အငြိမ့်ပွဲ၊ ဘောလုံးပြိုင်ပွဲများ၊ မြန့်မာ့ရိုးရာခြင်းအလှခတ်ပွဲများဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး၊ တက်ရောက်လာကြသည့် ကော်မတီဝင်များမှလည်း လုပ်ငန်းအလိုက်ဆောင်ရွက်မည့် အစီအစဥ်များကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူမှလည်း လုပ်ငန်းအလိုက် တင်ပြချက်များအပေါ် ပြန်လည် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဥ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် ၅ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
မြို့နယ်(ပြန်ဆက်)