တန့်ယန်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်ထံမှ ပေးပို့သော (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် သဝဏ်လွှာအား တန့်ယန်းခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းက ဖတ်ကြားသည်။
ယင်းနောက် ခရိုင်နှင့် မြို့နယ်တို့မှ တပ်ဖွဲ့ဝင်၊ မိသားစုဝင်များ၏ နေ့ကြီးရက်ကြီးများ၊ အထိမ်းအမှတ် ပြိုင်ပွဲများတို့တွင် ဆုရရှိခဲ့ကြသော ကျောင်းသား ကျောင်းသူများနှင့် အိမ်ထောင်သည် မိသားစုများ၏ လိုင်းခန်းဆုနှင့် သန့်ရှင်းရေးဆုများ၊ သင်တန်းတွင် ထူးချွန်ဆု ရှိသူများအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝေလွင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူအသီးတို့က ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အငြိမ်းစား ရဲဝန်ထမ်းဟောင်းများကို ဆန်နှင့် ဂုဏ်ပြုလက်ဆောင်တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းအပြင် နံနက် ၅ နာရီကလည်း ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)