ရပ်စောက်မြို့နယ်တွင် ဒုတိယအကြိမ် အခြေခံစားသောက်ကုန်များလှူဒါန်း

ရပ်စောက်      အောက်တိုဘာ         ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် အလုပ်အကိုင် အဆင်မပြေ၍ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ဒုတိယအကြိမ် လှူဒါန်းခြင်းကို ယမန်နေ့က မြောက် ကွက်သစ်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များကို လှူဒါန်းရာတွင် စုပေါင်းအလှူရှင်များမှ မြောက်ကွက်သစ် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၃၁၀)စုအား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ စားဝတ်နေရေး အခက်အခဲ မဖြစ်စေရေးအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်() ပြည်အိတ်() အိတ်၊ ကြက်ဥ()လုံး၊ ဆား()ထုပ်၊ အချိုမှုန့် ပေါင်ဝက်ထုပ်()ထုပ်၊ Mask(၅၀) ခုပါ ()ဖာ နှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး စုပေါင်းအလှူရှင်များ က ထပ်မံလှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)