ကျောက်ဆည် အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ်များကို ၂၀၂၃ ခုနှစ် မေ(၂၃)ရက်နေ့မှ စတင်ထုတ်ချေး ပေးလျက်ရှိရာ ယနေ့အချိန်အထိ ငွေကျပ် (၁၉၁၂၉.၀၀)သိန်း ထုတ်ချေးပေးပြီး ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇၀) အုပ်စုမှ တောင်သူ(၂၉၀၁)ဦးတို့၏ စပါးစိုက်ဧကပေါင်း (၁၁၇၁၆)ဧက၊ ယာသီးနှံစိုက်ဧကပေါင်း (၁၅၂) ဧက အတွက် စုစုပေါင်း ငွေကျပ်(၁၉၁၂၉.၀၀)သိန်း ထုတ်ချေးပေးပြီးကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)