မိုင်းပန်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်

မိုင်းပန်   အောက်တိုဘာ   ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်တွင် နမ့်ပန်ခန်းမအတွင်း၌ မိုင်းပန် မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် တူညီဝတ်စုံများ ပေးအပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ မပေးအပ်မီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက် များအား ပြောကြားခဲ့ရာ မကြာမီ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ဝန်ထမ်းများ အနေဖြင့် တူညီဝတ်စုံများဖြင့် တာဝန်ထမ်းဆောင်နိုင်စေရေး အတွက်လည်း ရည်ရွယ်၍ ပေးအပ်ရခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်းမှ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အလေးထားဆောင်ရွက် သွားကြရန်အတွက် မှာကြားခဲ့ပြီး  တာဝန်ရှိသူများမှ တူညီဝတ်စုံများအာ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတရုံး၏ (၄.၁.၂ဝ၁၉) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၈/၂ဝ၁၉) အရ ပြည်သူ့ ဝန်ထမ်းတံဆိပ်ရရှိသူ ဝန်ထမ်း (၃) ဦး၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပ ဒေစိုးမိုးရေး တံဆိပ်ရရှိသူ ဝန်ထမ်း (၆) ဦးတို့အား တာဝန်ရှိသူများမှ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆန်းမြင့်(ပြန်/ဆက်)