ပေါက်တော စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့်တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းကြီး( ၅)ကြောင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်ကြသည်။
ထို့သို့ ကွင်းဆင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာ တောင်သူဦးထွန်းသာစိန်၏ ကွင်းအမှတ် ၁၀၅၈(B) မိုးစပါးSRI စံပြကွက်နှင့်တောင်သူ ဦးသောင်းကျော်ဇံ၏ ကျားပျံစပါးမျိုး ဘောင်ဖော်ကြဲခင်းဖြင့် အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို သွားရောက်ကြည့်ရှု အားပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)