မှော်ဘီမြို့နယ် သမိုင်းဝင် ရွှေမှော်တင်ဘုရား၌ ဆီဆွမ်းလောင်းကပ်လှူပွဲ ကျင်းပ

မှော်ဘီ စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၇၅)ကြိမ်မြောက် သံဃဥပုသ်ပြုပွဲနှင့် ဆီဆွမ်းလောင်းကပ်လှူပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မှော်ဘီမြို့နယ် သမိုင်းဝင်ရွှေမှော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပခဲ့သည်။

(၇၅)ကြိမ်မြောက် ဆီဆွမ်းလောင်းပွဲကြီးကို ၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်နေ့၊ မွန်းလွဲ(၁)နာရီ၌ မှော်ဘီမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၂၈)ကျောင်းမှ သံဃာအပါး (၃၅၀)ကျော်၊ သီလရှင် (၁၅၀)ပါးကျော်တို့အား မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်နှင့် တပ်ရင်းတပ်ဖွဲ့မိသားစုများ၊ မှော်ဘီမြို့နယ် ဌာနဆိုင်ရာများ၊ ကုမ္ပဏီမိသားစုများ၊ စက်ရုံအလုပ်ရုံမိ သားစုများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ အလှူရှင်များ၊ ရပ်နီးရပ်ဝေးမိသားစုများမှ သမိုင်းဝင်ရွှေမော်တင်စေတီတော်ကြီး၏ ရင်ပြင်တော်ပေါ်တွင် အစဉ်အလာမပျက် ကုသိုလ်ပြု ဆီဆွမ်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စေတီတော်ဩဝါဒစရိယဆရာတော် (၅)ပါးထံမှ ငါးပါးသီလခံယူ၍ ရေစက်ချအမျှဝေခဲ့ပြီး ဆီဆွမ်းလောင်းပွဲကြီးအတွက် ရန်ကုန်တိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆီကုန်သည်ကြီးများမှ အလှူရှင်များအား ဆီပေပါအလုံး (၄၀)ကို ဆီဆိုင်(၅)ဆိုင်ဖွင့်လှစ်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)