ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်  အမှတ်(၁) တပ်မ‌တော်ဆေးရုံ(ကုတင်-၃၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူနေသော တပ်မ‌တော်သားများအား တွေ့ဆုံအားပေး ထောက်ပံ့

မြစ်ကြီးနား စက်တင်ဘာ ၃၀

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အမှတ်(၁) တပ်မ‌တော်ဆေးရုံ(ကုတင်-၃၀၀)သို့ သွားရောက်ပြီး  ဆေးကုသမှုခံယူလျက်ရှိသော တပ်မတော်သားများအား တွေ့ဆုံအား‌ပေး‌ ထောက်ပံ့ခဲ့သည်။

ထိုသို့ သွားရောက်တွေ့ဆုံအားပေး‌ထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တပ်မတော်အရာရှိကြီးများနှင့်အတူ အဆိုပါဆေးရုံဆေးကုသဆောင်၌ ဆေးကုသမှုခံယူလျက်ရှိ သော တပ်မတော်သားများအား တွေ့ဆုံအား‌ပေးစကားပြောကြားကာ ဆေးကုသမှုခံယူလျက်ရှိသော လူနာ (၉၂)ဦးအတွက် အာဟာရမုန့်နှင့် ငွေသားတန်ဖိုး စုစုပေါင်းငွေကျပ် (၄၁) သိန်းနှင့် အမှတ်(၁) တပ်မ‌တော်ဆေးရုံ(ကုတင်-၃၀၀)အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)