လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

လယ်ဝေး စက်တင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ မီးသတ်ဦးစီးမှုးရုံး၌ ယမန်နေ့မွန်းလွဲပိုင်းက အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။

အခမ်းအနားသို့ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ သင်တန်းသားများတက်ရောက်ခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးရာဇာနှင့် မြို့နယ်မီးသတ်ဦးစီးမှုး ဦးဝင်းကျော်တို့က သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ၃၅ ဦး တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၄ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

နေရည်(ပြန်/ဆက်)