လားရှိုး စက်တင်ဘာ ၃၀
လားရှိုးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လားရှိုးမြို့နယ် မီးသတ်စခန်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားသည်။
ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃)တွင် ထူးချွန်ဆု ရရှိခဲ့ကြသည့် သင်တန်းသားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူး ဇော်လင်းထွန်းတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)