မြောက်ဦး စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပ ညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲမှူး အောင်ဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောရာ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ၊ စည်းကမ်း ဖောက်ဖျက်မောင်းနှင်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှုအခြေအနေများ၊ ယာဉ်မောင်းလိုင်စင်အမျိုးအစား (၁၂)မျိုးနှင့်ပတ်သက်၍ သိရှိရမည့် အချက်များ၊ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် အရေးယူဆောင်ရွက်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာဟောပြောပွဲသို့ မြို့နယ်ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး/စာရေးများ၊ မော်တော်ယာဉ်မောင်းနှင်သူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)