မြင်းခြံမြို့ Unity ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြင်းခြံ စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ Unity ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့နံနက် (၉) နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ခရိုင်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က "လူငယ်နှင့် အားကစားကဏ္ဍ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က "ဗလငါးတန်ဖွံ့ဖြိုးရေး စာအုပ် စာပေ ဖတ်ကြားပေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ Unity ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဌေးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)