မိုင်းပျဉ်းမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ဝါဆိုပန်းကပ်ခြင်းဆောင်ရွက်

မိုင်းပျဉ်း  စက်တင်ဘာ  ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ကလေးများ ဝါဆိုပန်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက စွန်တောင်းဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းပျဉ်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများဦးဆောင်၍ မူကြို ကလေးငယ်များက စွန်တောင်းဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဝါဆိုပန်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ထို့နောက် ကလေးငယ်များ ပျော်ရွှင်စေပြီး ကိုယ်လက်ကျန်းမာကြံ့ခိုင်စေရန်အတွက် ဘုန်းကြီးကျောင်းအတွင်းရှိ အားကစားပစ္စည်းများဖြင့် ကစားစေခြင်းဆောင်ရွက်ပေးပြီး အလှူရှင်ကလေး မိဘ()ဦးတို့က ကလေးများအား အာဟာရများကျွေးမွေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)