တနိုင်း စက်တင်ဘာ ၂၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ဟူးကောင်းသွေးသစ် ဖူဆယ်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသား ဖူဆယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ Ledo FC အသင်းနှင့် Bother FC အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး Bother FC အသင်းက အနိုင်ရရှိခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများ၊ တတိယဆုရရှိသည့် Team Sceret အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ ဒုတိယရရှိသည့် Ledo FC အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ ပထမဆုရရှိသည့် Brother FC အသင်းအား တံခွန်စိုက်ဒိုင်း၊ ဆုကြေးငွေများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး နေဇော်အောင်နှင့် သက်ဆိုင်ရာတာဝန်ရှိ သူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး နေဇော်အောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ခရိုင်လဝကမှူး ဦးခင်မောင်သန်း၊ ခရိုင်ပညာရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊ မြို့နယ်ရဲမှူးမြသောင်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အားကစားသမားများနှင့် ပြည်သူ လူထုများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)