သထုံ စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့မွန်းလွဲပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အိမ်မွေးခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းနိုင်နှင့်ဝန်ထမ်းများက ခွေးရူးရောဂါဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ရောဂါကူးစက်သည့်နည်းလမ်းများ၊ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းဆိုင်ရာများအား အသိပညာပေးဟောပြောပြီး အိမ်မွေးခွေး(၁၃၂)ကောင်နှင့် ကြောင်(၂၃)ကောင်တို့အား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးကာ ဆေးထိုးမှတ်တမ်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်