မြို့ပြနှင့်ကျေးလက်ကွာဟမှုလျော့နည်းပပျောက်ရေး သီးပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများကွန်ကရစ်ခင်းပြီးဆိုလာစနစ်ဖြင့် ရေသန့်စင်စက် ဆောက်လုပ်

ကျောက်ဆည်  စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှု လျော့နည်းပပျောက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျ စုပေါင်းပြီး ကဏ္ဍစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်ဖြစ်ပေါ်လာစေရန် ရည်မှန်းပြီး ၂၀၂၃-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တောင်နောက်ကျေးရွာအုပ်စု၊ သီးပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းနှင့် ဆိုလာစနစ်ဖြင့် ရေသန့်စင်စက်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းနှင့် ဆိုလာစနစ်ရေသန့်စင်စက်ရုံ ဆောက်လုပ်ခြင်းလုပ်ငန်းများကို နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ(လုပ်အားတန်ဖိုး) (၄၆) သိန်း လေးသောင်းရှစ်ထောင်ကျပ်ဖြင့် အရှည်(၅၇၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်လမ်းနှင့် တစ်နာရီ (၆၀၀)လီတာခန့်ထွက်ရှိသော ဆိုလာစနစ်သုံးရေသန့်စင်စက် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၊ သီးပင်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခြင်းနှင့် ဆိုလာစနစ်သုံး ရေသန့်စင်စက်ရုံ တည်ဆောက်ပေးမှုကြောင့် အိမ်ခြေ(၁၇၁)အိမ်၊ အိမ်ထောင်စု(၁၇၃)စု၊ လူဦးရေ (၆၈၁)ဦးတို့၏ လူနေမှုအဆင့်အတန်းနှင့်လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး သန့်ရှင်းသော သောက်သုံးရေပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)