မရမ်းကုန်းမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း(၄)သင်းတို့အား မီးငြှိမ်းသတ်ရေးဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မရမ်းကုန်း စက်တင်ဘာ ၂၉

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း(၄)သင်းတို့အား မီးငြှိမ်းသတ်ရေးဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်ပွဲအခမ်းအနားကို ယ​​မန်နေ့ နံနက်(၁ဝး၀၀)အချိန်က မရမ်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက်၊ ဘုရင့်နောင်ရှိ မြို့နယ်မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် မရမ်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးနိုင်က ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။  

ထို့နောက် မရမ်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဇော်အောင်က "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းနှင့် မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းတို့ထံ မီးငြှိမ်းသတ်ရေးဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရဲဝင်းအောင်က မြန်မာ့ကြယ်ဖြူလူမှုကယ်ဆယ်ရေးအသင်းနှင့် ရတနာဖြိုးလူမှုကယ်ဆယ်ရေးအသင်းတို့ထံ ရှာဖွေကယ်ဆယ်ရေးဝတ်စုံများအားလည်းကောင်း ပေးအပ်ခဲ့​ကြောင်းသိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)