ကျေးသီးမြို့နယ် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃) ဆင်းပွဲ အခမ်းအနားကျင်းပ

ကျေးသီး စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မီးသတ်ဦးစီးရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးမှ သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သည့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်မှ  တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်၊၊

ဆက်လက်၍ကျေးသီးမြို့နယ်ရဲတပ်ဖွဲ့ ဒု-ရဲမှူးသန်းထွန်းမှ တက်ရောက်လာသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

ထိုနောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ကျေးသီးမြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ဝင်းကြိုင်မှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)