လွိုင်လင် စက်တင်ဘာ ၂၉
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ လွိုင်လင်မြို့နယ်မီးသတ်ဦးစီးမှူးရုံး မှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃)သင်တန်းဆင်းပွဲကို ယနေ့နံနက် (၀၉:၃၀)နာရီက အဆိုပါရုံး ခန်းမတွင် ပြုလုပ်ပါသည်။
အဆိုပါ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲသို့ လွိုင်လင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းထွဋ် တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားပါသည်။ သင်တန်းသို့ သင်တန်းသား (၅၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှ တစ်လ ကြာမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)