မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မြောက်ဦး စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာက ပုံပြင်ပြောပြိုင်ပွဲကျင်းပရခြင်းကြောင့် လူငယ်၊ လူရွယ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဖတ်ရှုခြင်းကြောင့် အသိပညာ၊ ဗဟုသုတများနှင့် ပုံပြင်ပါအကြောင်းအရာများကို လူအများရှေ့ဆောင်လမ်းပြ ပြောရဲ၊ ဆိုရဲသည့် လူငယ်၊ လူရွယ်များဖြစ်လာစေရန်နှင့် ပြိုင်ပွဲ၏စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပုံပြင်ပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၁၂) ဦးက မိမိတို့ကြိုက်နှစ်သက်ရာ ပုံပြင်ခေါင်းစဉ်ဖြင့် ဝင်ရောက်ယဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)