စဉ့်ကူးမြို့နယ် ဈေးကုန်းကျေးရွာ၌ VDP စီမံကိန်းဖြင့် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

စဉ့်ကူး စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဈေးကုန်းကျေးရွာတွင် ဆောင်ရွက်နေသည့်ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီများအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်သွားကြရန်   ကြီးကြပ်မှာကြားခဲ့သည်။

အဆိုပါကွန်ကရစ်လမ်းမှာ လမ်းအရှည် ၇၈၀ ပေ၊ အကျယ် ၂ ပေ၊ အမြင့် ၆ လက်မထုရှိပြီး နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၅၀ နှင့် ကျေးရွာပြည်သူလူထု၏ လုပ်အား/ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)