မိုးကောင်း စက်တင်ဘာ ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို စက်တင်ဘာ(၂၈)ရက် နံနက်(၁၀)နာရီတွင် အ.ထ.က-နောင်ကိုင်တော်ကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် အ.ထ.က-နောင်ကိုင်တော်ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိက ဆောင်ရွက်ပြီး Grade 11 မှ မောင်ဖြိုးအောင်က လူငယ်နှင့်စည်းကမ်း၊ Grade 10 မှ မောင်မင်းသန့်မောင်က လူငယ်နှင့်အားကစား၊ Grade 11 မှ မမေမြတ်နိုးခင်က လူငယ်နှင့်ပညာရေး၊ Grade 10 မှမခိုင်သဇင်ကျော်က လူငယ်နှင့်ယဉ်ကျေးမှု၊ Grade 10 မှ မအေးသန္တာကျော်က လူငယ်နှင့်စာဖတ်ခြင်း စသည်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသူများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုအားပေးကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)