ကျောက်တော်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ကျောက်တော် စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နေ့လည် ၁ နာရီအချိန်က ပိုက်သည်ရပ်ကွက် မဟာကံကြီးရှင်ဘုရား ယာယီခိုလှုံရာစခန်းသို့ သွားရောက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း  သိရသည်။

ထို့သို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်းနှင့်ဝန်ထမ်းများက  မဟာကံကြီးရှင်ဘုရား ယာယီခိုလှုံရာစခန်းများရှိ ပြည်သူများကို ယာယီနေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာဖြင့် မူလနေရပ်များသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးတွင် တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့နှင့်အတူ အခြားသောတိုင်းနှင့်ပြည်နယ်များတွင်လည်း ယာယီခိုလှုံရာစခန်းများရှိ ပြည်သူများ မိမိနေထိုင်ရာကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း စသည့်တို့ကိုပြောကြားပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း