မြောက်ဥက္ကလာပ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ ခေမာသီလမ်းရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက "ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းသိင်္ဂီမင်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှော်(န်)ကိပ်ဆုန်က မြို့နယ်အတွင်း ဆောင်ရွက်နေ့သည့် ကလေးသူငယ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှော်(န်)ကိပ်ဆုန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်မူကြိုကျောင်းတာဝန်ခံ ဆရာမဒေါ်အေးမြသူနှင့်ဝန်ထမ်းများ၊ ကျောင်းသားမိဘများ၊ စုစုပေါင်းအင်အား (၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)