နမ္မတူမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

နမ္မတူ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အခြေပြု၍ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ခွေး၊ ကြောင်များ အသိရှိရှိဖြင့် ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံခြင်းသည် မိမိနှင့် မိသားစုကိုသာမကဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခွေးရူးရောဂါ၏ အန္တရာယ်မှ ကာကွယ်ရန် ရည်ရွယ်၍ ခွေးအကောင် (၅၀)ကောင်အား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ပြီး ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ညီညီသန့်ထံက သိရှိရပါသည်။

လူမော် (ပြန်/ဆက်)