မိုးနဲမြို့ အမက နမ့်မော်လေကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပ

မိုးနဲ စက်တင်ဘာ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်လေအခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်၉နာရီအချိန်က အဆိုပါ ကျောင်းခန်းမနေရာ၌ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်း တေးသီချင်းဖြင့်သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် နမ့်မော်ဆွမ့် အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာကျော်က အဖွင့်အမှာစကားပြောကြားပြီး နမ့်မော်လေ အမက ကျောင်းအုပ်ဆရာမ ကြီး ‌ဒေါ်နန်းဆိုင်နွမ်းက ပညာရည်ချွန်ဆုပေးပွဲဆောင်ရွက်ရခြင်းနှင့်ကျောင်းဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အတန်းအလိုက် ထူးခွန်ထက်မြက်စွာအတန်းတက်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူလေးများအား တာဝန်ရှိသူများက ပညာရည်ချွန်ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြပြီး ကျောင်းသား/သူ လေးများက ရိုးရာအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ကြောင်းသိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)