လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးသင်တန်းကို စက်တင်ဘာ ၂၆ နေ့နံနက် (၉) နာရီ၌ အမှတ် (၃)ရပ်ကွက်၊ အောင်သီရိပြည့်စုံဓမ္မာရုံ၌ သင်တန်းဖွင့်လှစ်ပို့ချသည်။
ကလေးအလုပ်သမား အသိပညာပေးဆွေးနွေးပွဲတွင် အဆိုးအရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ ကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်မှ သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိပြီး ဆွေးနွေးပွဲသို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်ဝန်ထမ်းများနှင့် ရပ်ရွာအတွင်း အဖွဲ့အစည်း (၅၀)ဦး တက်ရောက်လျက်ရှိပြီး အဆိုပါကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းကို (၂၅.၉.၂၀၂၃)ရက်နေ့မှ (၂၇.၉.၂၀၂၃) ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ခင်ဝင်းမူ (ပြန်/ဆက်)