မိုးနဲမြို့နယ်၌ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မိုးနဲ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ၊ သီးနှံကာကွယ်ရေးတာဝန်ခံများ၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်း‌ဆိုင်များအား စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နမ့်စန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှမျိုးစေ့တာဝန်ခံ ဦးသိန်းဝင်း၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်နှင်းသူ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် အဖွဲ့က စိုက်ပျိုးရေးသွင်းအားစုများ ဖြန့်ဖြူးရောင်းချရာတွင် သီးနှံအလိုက် မျိုးစေ့အရည်အသွေး မှန်ကန်မှုရှိစေရေး၊ လုပ်ငန်းလိုင်စင်ပါ သတ်မှတ်ချက်များနှင့်အညီ ရောင်းချရေး၊ သက်တမ်းလွန် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခါအားလျော်စွာ ရောင်းချခွင့် ပိတ်ပင်ထားသော ပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ မှတ်ပုံတင်ထားရှိသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကိုသာရောင်းချရေး၊ စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချရေးတို့ကို စစ်ဆေးခဲ့ပြီး ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်အသုံးပြုပုံနှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြ‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)