မရမ်းကုန်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တွဲဖက်သင်ကြားမည့် အခြေခံပညာအလယ်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောဆွေးနွေးပွဲများ ဆက်လက်ကျင်းပ

မရမ်းကုန်း စက်တင်ဘာ ၂၈

၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအလယ်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောဆွေးနွေးပွဲများကို ယ​နေ့နံနက်ပိုင်းက မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်()အခြေခံပညာအလယ်တန်း​ကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာ​ပေး​ဆွေး​နွေးပွဲတွင် သက်ဆိုင်ရာ​​​ကျောင်းအုပ်ဆရာမကြီးများက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတွဲဖက်သင်ကြားမည့်အစီအစဥ်များ၊ သင်ကြားပါကရရှိလာမည့် အခွင့်အရေးများကို အကျယ်တဝင့်ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်​ဖြေကြား​ပေးခဲ့​ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)