မိုင်းယောင်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော၏ ဩဝါဒနှင့်အညီ စင်္ကြာမုနိ ကြေးသွန်းရုပ်ပွားတော် ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ည ၇ နာရီက အဆိုပါစာသင်တိုက်၌ ကျင်းပခဲ့သည်။
ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ဇနီး ဒေါ်မျိုးအေးချို၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီနှင့် စေတနာရှင် အလှူရှင်တို့က တစ်ဆူလျှင် ငွေကျပ်သိန်း ၃၀ ဖြင့် နှစ်ဆူ ငွေကျပ်သိန်း ၆၀ ရှိ စင်္ကြာမုနိ ကြေးသွန်းရုပ်ပွားတော်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း