ဘူးသီးတောင် စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြိုနယ်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများသည် ယမန်နေ့ညနေပိုင်းက အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်သော လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work) ဆောင်ရွက်မည့်ကျေးရွာများသို့သွားရောက်ကာ ကျေးရွာကော်မတီဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ထို့သိုကော်မတီဖွဲ့စည်းရာတွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ ငွေဖြင့်ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်သော လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work) ဖြင့် မြေသားရေကန်တာဘောင်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် သိန်းတန်ကျေးရွာ၊ ကျိန်ကျောင်ကျေးရွာ၊ သာဇီကျေးရွာ၊ စက်ခေါ်ကျေးရွာ၊ စံညှင်းဝေကျေးရွာများဖြစ်သည့် ကျေးရွာ (၅) ရွာတွင်စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက ကျေးရွာသူ/သားများ၏ အများသဘော ဆန္ဒနှင့်အညီ အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်သော လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work) ကော်မတီဝင်များအား အဆိုပါကျေးရွာများတွင် ဖွဲ့စည်းပေးခဲ့ကြကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)