မန္တလေး စက်တင်ဘာ ၂၈
၂ဝ၂၃ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား၊ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲနှင့် Zumba Dance (Myanmar Fitness Dance) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါ်ရီရီဝင်းနှင့် ဒေါ်ခင်ညိုနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး အားကစားဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်သန္တာဘုန်းဝင်းနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးဝင်းနှင့် ဝန်ထမ်းများ၊ ဒိုင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ အုပ်ချုပ်သူ၊ နည်းပြနှင့်ပြိုင်ပွဲဝင်တက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်းက အမှာစကား ပြောကြားပြီး ဒိုင်အဖွဲ့ဝင်များကိုယ်စား အမှတ်ပေးအကဲဖြတ်မည့်စည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်များက အဖွဲ့လိုက်၊ သုံးယောက်တွဲ၊ တစ်ဦးချင်းပြိုင်ပွဲနှင့် Myanmar Dance ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြကြောင်းသိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)