ကျောက်ဆည်မြို့နယ် သပြေဝန်းကျေးရွာတွင် စိုက်ပျိုးထားသော ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  စက်တင်ဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကြီးကျေးရွာအုပ်စု၊ သပြေဝန်းကျေးရွာ တောင်သူဒေါ်မိမိအေး ကွင်းအမှတ်(၂၈၇)၊ဦးပိုင်အမှတ်(၂၁-ဃ)တွင် စိုက်ပျိုးထား သော (B31) ဝါမျိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဝါတစ်ဧကစိုက်ပျိုးမည်ဆိုပါက မြေပြင်စရိတ်နှင့်၊စိုက်စရိတ်(၁၈၅၀၀၀)ကျပ်၊ မျိုးစေ့ဖိုးနှင့်ပိုးသတ်ဆေး (၁၆၅၀၀၀)ကျပ်၊ ဝါကောက်ခ (၂၅၀၀၀၀)ကျပ်၊ စုစုပေါင်း(၆၀၀၀၀၀)ကျပ်ကုန်ကျပြီး ဝါတစ်ဧက ထွက်နှုန်းမှာ ဝါပိဿာချိန်(၅၀၀)ထွက်ရှိကြောင်းသိရှိရပြီး ရောင်းဈေးအနေဖြင့် ဝါမျိုးစေ့(၁)ပိဿာ၊ (၁၈၀၀)ကျပ်၊ ဝါဂွမ်း(၁)ပိဿာ(၈၅၀၀/၁၀၀၀၀)ကျပ် ရောင်းချရကြောင်းနှင့် သပြေဝန်းကျေးရွာတွင် အိမ်ခြေ(၃၇၀)အိမ်၊ ဝါစိုက်ဧက(၄၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)