မိုင်းငေါ့ စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်စိမ်းခန်းမ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် ကျောင်းသူ (၁၄၁)ဦးအား ယမန်နေ့နံနက်(၉)နာရီအချိန်က ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံကြမည့် အသက်(၉) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူများကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို စနစ်တကျဆောင်ရွက်ပေးကာ (HPV) ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မိုင်းငေါ့မြို့ မြို့ပေါ်ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်း(၁)ကျောင်း ၊ အ.လ.ကခွဲ ကျောင်း(၁)ကျောင်း နှင့် အ.မ.က ကျောင်း(၅)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၇)ကျောင်းမှ ကျောင်းသူ(၁၄၁)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင်သွယ်(မိုင်းငေါ့(ပြန်/ဆက်)