အလယ်တန်းအဆင့် Grade (9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ကမာရွတ် စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်တွင် အလယ်တန်းအဆင့် Grade(9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၄ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်က အ.ထ.က (၃) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ခရိုင်ပညာ​ရေးမှူး ဒေါက်တာစုစုလိူင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဝင်ဦးစိုးရန်နိုင်က ကျောင်းသား၊ ကျောင်သူများအတွက် ပညာသင်ယူနိုင်မည့် အခွင်အလမ်းများကို ဟောပြော​ပေးခဲ့ပြီး ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦစီးအရာရှိ​ ဒေါ်စိမ်းလဲ့က ပညာသင်အခွင့်အလမ်းများ​ကြောင့် ရရှိလာနိုင်​သော အကျိုးကျေးဇူးများ၊ ဒုတိယမြို့နယ် ပညာ​ရေးမှူးက ​ကျေးဇူးတင်စကား ​ပြောကြားကြားခဲ့ပါသည်၊ ​ထို့​နောက် ကျောင်အုပ်ဆရာမကြီး​ ဒေါ်ဝင်းဝင်းမြင့်က ​ကျောင်းများတွင် လျှောက်ထာနိုင်​​​ရေးနှင့်သင်ကြားမည့်ပုံစံများကို ပြောကြားရာတွင် ကျောင်းသား/သူများအားလုံး အလယ်တန်းအဆင့် Grade 9 ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်၍  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင် ၅၀ တွင်  အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်း၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသ စာအုပ်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)