ညောင်ဦး စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့် ဦးဆောင်ကာ ညောင်ဦးမြို့ အဝင်အထွက်ဂိတ်များတွင် ယနေ့နံနက်ပိုင်းအချိန်မှစတင်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့သည် ညောင်ဦးမြို့အတွင်း ဝင်ရောက်ဖြတ်သန်း သွားလာလျှက်ရှိသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ကားကြီးများ၊ လိုင်းကားများ၊ မိသားစုစီးကားများ၊ မော်တော် ဆိုင်ကယ်များအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သယ်ဆောင်လာ ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ညောင်ဦးမြို့နယ် မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရဲမှူးစိုးစိုးနှင့် အဖွဲ့ဝင်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့ဝင်များသည် ကျောက်ပန်းတောင်းဘက်မှ ဝင်ရောက်လာသည့် ကားများ၊မော်တော် ဆိုင်ကယ်များအား မြတ်နိုးသူတိုးဂိတ်တွင်လည်းကောင်း၊ ချောက်ဘက်မှ ဝင်ရောက်လာသည့် ကားများ၊မော် တော်ဆိုင်ကယ်များအား လောကနန္ဒာမြစ်ရေတင် ဂိတ်နားတွင်လည်းကောင်း၊ မြင်းခြံမြို့ ဘက်မှတင်ရောက်လာသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များအား မြေနဲလေး မြတ်နိုးသူဂိတ်တို့တွင် စစ်ဆေးခြင်းများဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဒီပါလင်း