ပင်လုံမြို့ အ.လ.က (၃)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း​ကျောင်းစာကြည့်တိုက်အား ဖဲကြိုး ဖြတ်ဖွင့်လှစ်

ပင်လုံ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် ဖွင့်ပွဲကို ယမန်နေ့နံနက် (၀၉:၀၀)နာရီအချိန်ကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ   အ.လ.က (၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသူဇာနှင့် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်နာယက ဦးစိုင်းသန်းလွင်တို့မှ ကျောင်းစာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ပြီးတက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများက ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား/ကျောင်းသူ လေးများစာပေဖတ်ရှုနေမှုနှင့် ကျောင်းစာကြည့်တိုက် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား နံရံကပ်  စာစောင်တွင်ပြသထားမှုအ​ခြေအနေတို့အားလှည့် လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းစာကြည့်တိုက်အား ဖွင့်လှစ်ရခြင်းမှာ ကျောင်းသား/ကျောင်းသူလေးများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာစောင်များကို ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍   ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)