ဝမ်းတွင်းမြို့နယ်၌ ကျေးရွာ(၅)ရွာကို ဆက်သွားထားသောလမ်းအား ကျောက်ချောလမ်းခင်းခြင်းများဆောင်ရွက်

ဝမ်းတွင်း စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ(၅)ရွာအား ဆက်သွယ်ထားသောလမ်းကို ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။

ကျေးရွာ(၅)ရွာ အသုံးပြုလျက်ရှိသောလမ်းအား ကျောက်ချောလမ်းခင်းခြင်းများကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၂၈.၀၂၀)သန်း အကုန်ကျခံကာ ပုဂံစောထီးကုမ္မဏီက ဆောင်ရွက်ပေးလျက်ရှိပြီး ကျောက်ချောလမ်းအနေဖြင့် ၁မိုင်×၁၆ပေ× ၁၄ လက်မရှိပြီး (၂လက်မ×၄လက်မ) ကျောက်များကို အသုံးပြုကာ ထုအနေဖြင့် (၆)လက်မရှိကြောင်း သိရသည်။

အဆိုပါ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ရိုးရွာကျေးရွာ-ညောင်အုပ်ဖီးကျေးရွာ-ဒုံးကုန်းကျေးရွာ-ကံသာကျေးရွာ-ကျွဲသားကျေးရွာတို့ကို ရာသီမရွေး လွယ်လင့်တကူ သွားလာနိုင်မည့်အပြင် အကျိုးပြုကျေးရွာများရှိ အိမ်ခြေ(၁၆၆၅)အိမ်၊ လူဦးရေ (၇၅၀၂)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှုလုပ်ငန်းများအား များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)