လားရှိုးမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မြို့နယ်အတွင်း မိုးစပါးလျာထားဧက (၃၆၉၂၂) ဧက စိုက်ပျိုးနိုင်ခဲ့

လားရှိုး စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိူးမြို့နယ်တွင် စိုက်ပျိူးထားရှိသော မိုးစပါးစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေပြီး မိုးစပါး(၃၆၉၂၂)ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ်မိုးစပါးစိုက်ပျိူးရာသီတွင် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်း မိုးစပါးစိုက်ပျိူးရာသီတွင် သတ်မှတ်လျာထားချက်ပြည့်မီရေး၊ အထွက်နှုန်းကောင်းမျိုးသန့် စပါးများ စိုက်ပျိူးစေရေးနှင့် စနစ်တကျ စိုက်ပျိုးနိုင်စေရေးအတွက် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါမိုးစပါးစိုက်ခင်းများမှာအောင်မြင်ဖြစ်ထွန်းပြီး ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မိုးစပါး (၃၆၉၂၂)ဧက စိုက်ပျိုးရာ လယ်စပါး (၂၀၄၃၃)ဧက၊ တောင်ယာစပါး (၅၂၀၈)ဧကနှင့် ယာစပါး (၁၁၂၈၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တောင်သူများ အများဆုံးစိုက်ပျိူးကြသည့် စပါးမှာ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းသည့် ၅၀၂ စပါးမျိုး ၊၈၈၁ စပါးမျိုးနှင့် ကောက်ညှင်းစပါးကိုလည်း စိုက်ပျိူးကြကြောင်း သိရသည်။

စပါးစိုက်ခင်းများတွင် ပိုးမွှားမကျရောက်စေရေး၊ ဓာတ်မြေသြဇာများကိုစနစ်တကျသုံးတတ်စေရေး အသိပညာပေးခြင်းစိုက်ပျိူးရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စပါးအထွက်နှုန်းမှတစ်ဧကလျှင် စပါးတင်း(၁၀၀)ဝန်းကျင် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)