ဥတ္တရသီရိမြို့နယ်၌ “သက်ငယ်မုဒိမ်းတားဆီးကာကွယ်ရေး” အသိပညာပေး ဟောပြောပွဲကျင်းပ

ဥတ္တရသီရိ စက်တင်ဘာ ၂၇

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် သက်ငယ်မုဒိမ်းတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ဥတ္တရခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထိုက်တင်ထွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းနှင့် မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဟန်မျိုးဝင်းတို့က သက်ငယ်မုဒိမ်းတားဆီးကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာ ဗဟုသုတမေးခွန်းများမေးမြန်းရာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ ဥတ္တရခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ထိုက်တင်ထွေးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဟန်မျိုးဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)