အမ်း စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များအား စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲစေရေး ယနေ့ နံနက်ပိုင်းက အောက်ရွာကျေးရွာအုပ်စု ကျော်ဇံဆီဆိုင်ရှေ့လမ်းဆုံ၊ အမ်းမြောက်ကျေးရွာအုပ်စု မော်ဆီဆိုင်ရှေ့နှင့် ဂျင်ကုန်းကျေးရွာအနီး ကားလမ်းတို့တွင် ရှောင်တခင်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါမော်တော်ယာဉ်များ စည်းကမ်းနှင့်အညီ ပြေးဆွဲစေရေး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးရွှေအေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဇာနည်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူး ဒုရဲအုပ် သန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး ဦးတင်မင်းဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ အဝေးပြေးယာဉ်လိုင်းများမှ မော်တော်ယာဉ်များ၊ ဒေသတွင်းယာဉ်လိုင်းများမှ မော်တော်ယာဉ်များအား အဝေးပြေးကားကြီးကွင်းရှိ သက်ဆိုင်ရာဂိတ်များတွင် ရပ်နားပြီးခရီးသည်နှင့် ကုန်ပစ္စည်းများအား အတင်အချပြုလုပ်သွားရန်၊ မော်တော်ယာဉ် စည်းကမ်းနှင့်အညီစနစ် တကျပြေးဆွဲစေရေး ရှောင်တခင်စစ်ဆေးဆောင်ရွက်ကြောင်းသိရသည်။
စိုးမင်းထွန်း