အမ်း စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးမှူး ဦးဇော်ဇော်ထွဋ်မြို့နယ် ဦးစီးမှူးဦးကျော်မင်းထွန်းတို့ ကြီးကြပ်မှုဖြင့် မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်အထက်နိုင်ငံသားကဒ်ပြားရှိသူများအား e-ID စနစ်လုပ်ငန်း ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အခြေပြု၍ စတင်ကောက်ယူလျက်ရှိသည်။
ထိုသို့ ကောက်ယူရာတွင်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မှီခိုသူမိသားဝင်များအား e-ID စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခဲ့ပြီး ယနေ့ကောယူရန်ကျန်ရှိသော ခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်မှီခိုသူမိသားဝင်များနှင့် မွေးကုဝန်ထမ်း (၆)ဦး မှီခိုမိသားစု(၁၀)ဦးပေါင်း (၁၆)ဦး၊ နတလ ဝန်ထမ်း (၄)ဦးမှီခိုမိသားစု(၄)ဦးပေါင်း(၈) ဦး၊လျပ်စစ်ဝန်ထမ်း (၁၀) ဦးမှီခိုမိသားစု (၁၃)ဦး ပေါင်း (၂၆)ဦးတို့အား ကေက်ယူမည်ဖြစ်ကြောင်း သိရသည်။
အမ်းမြို့နယ်တွင် e-ID စနစ်ဖြင့်ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ ခရိုင်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူ များက e-ID စနစ်လုပ်ငန်းဆိုင်ရာဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားလှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
အမ်းမြို့နယ်တွင် e-IDစနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် မှီခိုသူမိသား စုဝင်များအား ရုံးဖွင့်ရက်များတွင် ဌာနဆိုင်ရာရုံးများအား အစုအဖွဲ့စုဖွဲ့ကာအစုအဖွဲ့အလိုက် နေ့စဥ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)